✅စစ်တွေတက္ကသိုလ်ကျောင်းသူ/ကျောင်းသားများ သိစေရန်✅ ❗ယနေ့ မနက်တွင် Facebook လူမှုစာမျက်နှာကွန်ယက်တွင် တက္ကသိုလ်များကို ဇူလိုင်လ ၂၁ ရက်နေ့ပြန်ဖွင့်မည်ဟု The Voice Media မှ သတင်းထုတ်လွင့်ထားသည်ကိုတွေ့ရှိရပါသည်။ ❗ ❗ထိုသတင်းအား တိကျသေချာစေရန်အတွက် ကျွန်တော်တို့ကျောင်းသားများသမဂ္ဂ (စစ်တွေတက္ကသိုလ်)သည် မြန်မာတစ်နိုင်ငံလုံးရှိကျောင်းသားများသမဂ္ဂများနှင့် ချိတ်ဆက်၍ ဆက်သွယ်စုံစမ်းခဲ့ရာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ”ဒေါက်တာ ဇော်ဝေစိုး” အားဖုန်းဆက်သွယ်ခဲ့ရာ “ဒေါက်တဇော်ဝေစိုး”မှ ယခုကဲ့သို့ဖြေကြားခဲ့ပါသည်❗ (၁) ထိုသတင်းမှာ မမှန်ကန်ပါကြောင်း၊ မီဒီယာအနေဖြင့် နားလည်မှုလွဲသွားတာဖြစ်နိုင်ကြောင်း (၂) တက္ကသိုလ်ကျောင်းဖွင့်လှစ်မည့်အကြောင်းအရာကိုမေးမြန်းရာ အခြေအနေအပေါ်မူတည်၍သာဖွင့်လှစ်မည်ဖြစ်ကြောင်း (၃) ထိုအကြောင်းကို ဥပမာအနေဖြင့် ပြောဆိုမိခြင်းကို မှားယွင်းစွာကောက်ချချမိခြင်းဖြစ်ကြောင်း (၄) တက္ကသိုလ်များကို အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးဖွင့်လှစ်ရန်စီစဉ်နေကြောင်း (၅) သို့သော် ရောဂါအခြေအနေသည် ခန့်မှန်းမရ၍ နိုင်ငံတော်အဆင့်ညွန်ကြားမှာသာ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း (၆) ယခုချိန်ထိ တက္ကသိုလ်ဖွင့်လှစ်မည့်ရက်ကိုContinue reading “✅စစ်တွေတက္ကသိုလ်ကျောင်းသူ/ကျောင်းသားများ သိစေရန်✅”
Category Archives: Uncategorized
စစ်တွေမြို့မစျေးကြီးမှာ ရွှေဆွဲကြိုးလုယက်မှုတခုဖြစ်
ဧပြီလ ၁/၂၀၂၀စစ်တွေမြို့မစျေးကြီးမှာ ရွှေဆွဲကြိုးလုယက်မှုတခုဖြစ်လုပြေးသွားတဲ့ တရားခံ မိန်းမကြီးကို လက်ရဖမ်းဆီးရမိCredit
ရခိုင်ဇာတ်ကားတီနန်း ရခိုင်ပရိသတ်အခိုင်အမာ ရရှိလာရေ သရုပ်ဆောင် ဘုန်းဟိန်းကျော်
ရခိုင်ဇာတ်ကားတီနန်း ရခိုင်ပရိသတ်အခိုင်အမာ ရရှိလာရေ သရုပ်ဆောင် ဘုန်းဟိန်းကျော်ဘုန်းဟိန်းကျော် စာ မေယုတောင်တန်းမှငိုရိူက်သံ ၊ ကျွန်အာဏာ ၊ ရီချိုပင်လယ် စရေ ရခိုင်ဇာတ်ကားတီ ရိုက်ကူးပြီးစီးထားပါရေ။ မေယုတောင်တန်းမှငိုရိူက်သံ ရခိုင်ဗီဒီယိုဇာတ်ကားဖြန်ချီပြီးထားပါယာ။ယင်းကားမှာ အချစ်ကြီးလို မကျွတ်မလွတ်ရေ ဝိညာဉ် ပုံစံနန်းပရိသတ်အသိအမှတ်ပြုပီး။ နောက်ထပ်ရခိုင်ဇာတ်ကားတီလည်း ဖြန်ချီဖို အားယူနီပါရေ။ အဂုဖြန်ချီဖို ပြင်နီရေ ကျွန်အာဏာ ဇာတ်ကားကိုလည်း ပရိသတ်တီက တောင်းဆိုနီကပ်ပါယာ။ ယင်းကားစွာ ရခိုင်ရှေးပုံစံချေ ရိုက်ကူးထားပြီးကေ ယင်းကားမှာဘုန်းဟိန်းကျော် က လူမုန်းဖိုနေရာကနီ အပီအပြင်သရုပ်ဆောင်ထားရေလိုဆိုပါရေ။ဇာတ်ကားထွက်ကေ လူတီမုန်းရေကာရိုက်တာဖြစ်ကေလည်းအပြင်မှာ မမုန်းကေလိုဆိုထားပါရေ။ ရီချိုပင်လယ်ဇာတ်ကားမှာလည်း ရခိုင် ရီလုပ်ငန်းအကြောင်းကိုထည်သွင်းရိုက်ကူးထားပီး ယင်းကားမှာ ရီလုပ်သားအဖြစ် သဘာဝဆန်ဆန် စရိုက်ကြမ်းကြမ်း ပုံစံချေမြင်ရပါဖို။ပထမ ဇာတ်ကားမှာပင် အောင်မြင်မူ ရရှိထားပြီး သရုပ်ဆောင် ကောင်းပီးကေ ကျရာနေရာကနီ အပီအပြင် လုပ်တတ်ရေ ဖြစ်လိုContinue reading “ရခိုင်ဇာတ်ကားတီနန်း ရခိုင်ပရိသတ်အခိုင်အမာ ရရှိလာရေ သရုပ်ဆောင် ဘုန်းဟိန်းကျော်”
လူမျိုးတစ်မျိုးမှာ ကိုယ်ပိုင်ယဉ်ကျေးမူ ကိုယ်ပိုင်အနုပညာဆိုတာ ကမ္ဘာဦးအစကတည်းကရှိခဲ့ကြပါတယ် ❤
လူမျိုးတစ်မျိုးမှာ ကိုယ်ပိုင်ယဉ်ကျေးမူ ကိုယ်ပိုင်အနုပညာဆိုတာ ကမ္ဘာဦးအစကတည်းကရှိခဲ့ကြပါတယ် သေချာတာတစ်ခုက ရခိုင်လူမျိုးမှာလည်း ယဉ်ကျေးမူတွေကိုအခြေခံပြီး အရုပ်အသံတို့ဖြင့် အရုပ်ကလေးတွေရှင်သန်အောင် ရိုက်ကူးဖန်တီးလို့ရတဲ့ ရုပ်ရှင်videoတွေ တကယ်ကောင်းကောင်းမွန်မွန်ရှိတယ်ဆိုတာ လုံးဝဂုဏ်ငယ်စရာမလိုဘဲ ကျွန်အာဏာ ဇာတ်ကားမှသက်သေပြပါလိမ့်မယ် (မှတ်ချက် အသံပိုင်းအနည်းငယ် အားနည်းချက်ရှိပါလိမ့်မယ်) ခေတ်စနစ်အဆိုးအယုတ်တွေကြားက Golden Ray videoထုပ်လုပ်ရေးမှ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ရခိုင်အနုပညာလောကအတွက် အားတစ်ခုအနေနဲ့ထွက်ပေါ်လာမှာဖြစ်ပါတယ် ယေားးး ဒါငါတို့ရဲ့ရခိုင်ကားကြည့်ကြည်လို့ကြွားစမှတ်ဖြစ်အောင် ကျနော်တို့အတတ်နိူင်ဆုံးရှိတာလေး လုပ်နိူင်တာလေးနဲ့အဆင်အပြေဆုံးကြိုးစားထားကြပါတယ် ဇာတ်လမ်းတင်ဆက်မူတွေက ရခိုင့်ပရိတ်သတ်တင်မက ကြည့်မိသူတိုင်း ရင်ထဲကိုရောက်နိူင်သည့် ဇာတ်ကားတစ်ကားပါလို့ မကြာမှီ ခံစားသူမိဘပြည်သူများဆီ ရင်ထဲကိုအရောက်ပို့ပေးမယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးပျစေ ကျွန်တစ်ယောက်ရဲ့အာဏာစက်ကဘယ်လောက်ထိမိုး ပြိုပီးဇာတ်အရအေးအေးစိမ့်စိမ့်ဆွဲခေါ်သွားမလဲဆိုတာ ကျွန်အာဏာ ဇာတ်ကားကြီးထွက်ရင်ကြည့်ကြည်လိုက်ပါ လုံးဝမျှင်သက်သွားပါလိမ့်မယ် အမှန်ပြောရရင် Actingတွေနဲ့ဘဲဇာတ်ကိုဆွဲခေါ်သွားပါလိမ့်မယ် ရခိုင်ပြည်နယ်ပေါက်တောမြို့ရဲ့သဘာဝအလှတရားအနည်းငယ်အချိုးကိုလည်းခံစားရမှာမို့ ကျေကျေနပ်အားပေးကြဖို့လိုပါတယ်ဗျ အားမနာတမ်း ယုံကြည်မူရှိရှိပြောရမယ်ဆို ရခိုင်အနုပညာလောကအတွက် လင်းနေ (ခ)စိန်ရွှေမြင့် ဆိုတာနဲ့တကယ်ဝန်းရံပေးဖို့လိုပါလိမ့်မယ် ဒီလိုကိုယ့်ရခိုင်ကားလေးတွေဆင်းရိုက်ပေးတယ်ဆိုတာ ကျနော်Continue reading “လူမျိုးတစ်မျိုးမှာ ကိုယ်ပိုင်ယဉ်ကျေးမူ ကိုယ်ပိုင်အနုပညာဆိုတာ ကမ္ဘာဦးအစကတည်းကရှိခဲ့ကြပါတယ် ❤”
ကျွန်အာဏာ
ကျွန်အာဏာ ရခိုင်စကားပြော ဗီဒီယို ဇတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားရေ အဆိုတော် ဒိုးကလေး မကြာမိမှာ ထွက်ရှီလာဖို့ပါဗျာလ် ရက္ခိုင် ရသစုံ Official website
နန်းသက်ဆွေနန့် တွေ့ဆုံ
သာလီစွပါ ရက္ခိုင် ရသစုံ ကနိဗြီးကေ ရိုက်ကူးထုတ်လုပ်ရေ အချစ်ဟုခေါ်သည် ရခိုင်ဇတ်ကားမှာ မင်းသမီးတစ်ယောက် အနေနန့် ပါဝင်သရုပ်ဆောင်ထားရေ နန်းသက်ဆွေနန့် မေးမြန်းထားရေ တစ်ချို့ အကြောင်းအရာချေ တိတင်ဆက်ပီးလားပါမေ “ဟုတ်ပါရေ သာလီစွပါ မီးနာမည်က မနန်းသက်ဆွေပါ ဂုတော့ခါ အနုပညာ အလုပ်တိ နားထားပါရေ ကျောင်းတစ်ဖက်နန့်ဆိုခါ လုပ်ဖို့မရပါလေ့ ” ကျောင်းပြီးစော်နန့် တော့ခါ ဆက်လုပ်လားပါဖို့ အားပီးကတ်ပါသိ့နန်း ရက္ခိုင် ရသစုံ official page Official website
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းလူဦးရေ ( ၁၆၈၆ ) ဦးအရေးတကြီးအကူအညီလိုအပ်
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းလူဦးရေ ( ၁၆၈၆ ) ဦးအရေးတကြီးအကူအညီလိုအပ် စားနပ်ရိက္ခာအခက်တွေ့ကြပြီး နေထိုင်နေရာများဆောက်လုပ် ရန်ပြင်ဆင်နေကြပါပြီ။ မည်သည့်အဖွဲ့အစည်းမှကူညီမှုများ မရှိသေး။ တဲအိမ်များဆောက်လုပ်နေပါပြီ။ တဲအိမ်တဆောင်ကုန်ကျနှုန်း တစ်သိန်းကျပ်ဖြစ်သည်။ လှူဒါန်းလိုသူများလှူဒါန်းနိုင်ပါသည်။ လူပေါင်း ၁၆၈၆ ဦး တနေ့ကုန်ကျနှုန်းပျမ်းမျခန့်မှန်းငွေ ( ၁၅ ) သိန်း ဝန်းကျင်ရှိသည်။ ယနေ့အချိန်ထိ NGO အဖွဲ့အစည်းများလာရောက်ကြည့်ရှု ပြီး ပံ့ပိုးကူညီမှုများမရှိသေး။ အဖွဲ့အစည်းများအား ဆက်သွယ်မေး မြန်းသော်လည်း အစိုးရခွင့်ပြုချက်မရသေး၍ မသွားရောက်သေးနိုင်ဟုဆိုကြသည်။မည်သူမှ မကူညီမပံံံပိုးနိုင်လျှင် စစ်ဘေးရှောင်များ ဒုက္ခသည် တနေ့တခြားပိုမိုဒုက္ခခံရပေမည်။ မနေ့ ( 25 – 3 – 2020 ) ကစာရင်းအရ –အိမ်ထောင်စု ( ၄၀၃ ) စုကျား ( ၇၅၅ )Continue reading “ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းလူဦးရေ ( ၁၆၈၆ ) ဦးအရေးတကြီးအကူအညီလိုအပ်”
StopInternetShutDown
ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပါ။ ဒီလောက် ရောဂါဆိုးကြီးဖြစ်နေပြီး ကျန်းမာရေး၀န်ကြီးဌာနကထုတ်တဲ့အချက်အလက်တွေကိုတောင် ချက်ချင်းမသိနိုင်တဲ့လူတွေရှိတယ်။စစ်ဘေးရှောင်တွေ သိန်းချီရှိနေတယ်။အခုတွေ့တဲ့ positive နှစ်ယောက်ထဲက တစ်ယောက်က ချင်းပြည်နယ်မှာဆိုတော့ ရခိုင်နဲ့ချင်းက တစ်လှမ်းလှမ်းရုံပဲ။ အရမ်းအန္တရာယ်များနေပါပြီ။အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေသိဖို့၊လူကိုလူလိုမြင်ဖို့ ဒီအချိန်မှာအစိုးရကလုပ်သင့်နေပါပြီ။ အင်တာနက်ပိတ်ထားတာ 9 လကြာပါပြီ။ အခု positive case ကို ကျွန်တော်ဖုန်းဆက်မှ အမေကသိရတဲ့အဖြစ်။ အဖေက ရှမ်းပြည်မှာ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့တောင် ဖုန်းလိုင်းတစ်ခုပဲရှိတယ်။ အဲ့ဖုန်းလိုင်းတောင် ကောင်းတလှည့် မကောင်းတလှည့်။ ဒီလောက်ဖြစ်နေတဲ့ အချိန်မှာ အစိုးရအနေနဲ့ လူသားဆန်မှုတစ်ခုပဲပြပါ။ StopInternetShutDown RakhineLifeMatters
သင်သိပါသည် ကစ္ဆပနဒီ….
သင်သိပါသည် ကစ္ဆပနဒီ…. ရခိုင်လူမျိုးတို့၏ အသက်သွေးကြော ရာဇဝင်တို့၏ သတိုးသမီးဖြစ်သည့် “ကစ်ဆပနဒီ”သည်ကား ယနေ့အချိန်၌ နှစ်ဘက်တိရက်ပွဲပေါင်းများစွာကို တွေ့မြင်နေရပြီး နှစ်ဖက်သော လက်နက်ကိုင်တပ်ဖွဲ့တို့၏ သွေးချွေးများနဲ့အတူ စီးဆင်းနေကြလေ၏။ ယနေ့ကမ္ဘာ့နိုင်ငံအချိုတွင် လူမျိုးကြီးဝါဒနှင့် အမျိုးသားရေးဝါဒတို့ အားကောင်းလာသဖြင့် ပြည်တွင်းပဠိပက္ခများ၊ ဖြစ်ပွှားလျှက်ရှိနေသည်။ မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ကြသည့် အစိုးရအဖွဲ့များက နိုင်ငံတော်တည်ဆောက်ရေးကိုအုပ်မြစ်ကို မချက်ကြဘဲ လူမျိုးကြီးဝါဒထွန်းကားလာရေး၊ လူမျိူးတစ်မျိူး၏ အမှတ်အသားကြန်လင်လက္ခဏာ တိုးတက်လာမူကိုသာစဉ်းစားခဲ့ကြ၍ မြန်မာနိုင်ငံသည် ကမ္ဘာအလည်ပေါ်တွင် ပြည်တွင်းစစ်အရှည်ဆုံးနှင့် အဆင်းရဲဆုံးနိုင်ငံဖြစ်နေရလေ၏။ အောင်ကြည်စိုး(သင်းပုန်းတန်း)Devel Pment သတင်းဂျာနယ်မှ ကောက်နုပ်တင်ဆက်သည်။ မောင်ကြီးရှင် 26-11-2019
ကိုရိုနာဗိုင်းရပ်စ် ရဲ့ ရောဂါ လက္ခဏာ
ဒီရက်ပိုင်း nCov -2019 ကိုရိုနာ ဗိုင်းရပ်စ် နဲ့ပတ်သတ်ပြီး ပိုသတိထားစေချင်ပါတယ် ၊ အပြင်သွားလာတိုင်း Surgical mask တပ်ထားပြီး သွားလာကြပါ ၊ လက်ရှိခန့်မှန်းခြေအရ များမကြာမီရက်သတ္တပတ် အတွင်းမှာ positive လူနာ ထွက်ပေါ်လာနိုင်ခြေရှိနေပါတယ် ၊ ကိုရိုနာဗိုင်းရပ်စ် ရဲ့ ရောဂါ လက္ခဏာ ဟာ ခန့်မှန်းခြေရက်သတ္တပတ် ( ၇ )ရက် နေမှ သိရပြီး ၊ ဆေးစစ်ချက်ထွက်ရန် ( ၁ ) ရက် စုစုပေါင်းကြာချိန် ( ၈ ) လောက်မှသာ ရောဂါရှိလူနာကို သိရှိနိုင်တာကြောင့် မိမိနှင့် အနီးစပ်ဆုံး ပတ်၀န်းကျင်မှ ရောဂါရှိလူနာကို သိရှိနိုင်မှာမဟုတ်ပါဘူး ၊ ဒါကြောင့် Surgical Mask များကိုသုံးပါ၊Continue reading “ကိုရိုနာဗိုင်းရပ်စ် ရဲ့ ရောဂါ လက္ခဏာ”