ရခိုင်ဇာတ်ကားတီနန်း ရခိုင်ပရိသတ်အခိုင်အမာ ရရှိလာရေ သရုပ်ဆောင် ဘုန်းဟိန်းကျော်

ရခိုင်ဇာတ်ကားတီနန်း ရခိုင်ပရိသတ်အခိုင်အမာ ရရှိလာရေ သရုပ်ဆောင် ဘုန်းဟိန်းကျော်
ဘုန်းဟိန်းကျော် စာ မေယုတောင်တန်းမှငိုရိူက်သံ ၊ ကျွန်အာဏာ ၊ ရီချိုပင်လယ် စရေ ရခိုင်ဇာတ်ကားတီ ရိုက်ကူးပြီးစီးထားပါရေ။ မေယုတောင်တန်းမှငိုရိူက်သံ ရခိုင်ဗီဒီယိုဇာတ်ကားဖြန်ချီပြီးထားပါယာ။ယင်းကားမှာ အချစ်ကြီးလို မကျွတ်မလွတ်ရေ ဝိညာဉ် ပုံစံနန်းပရိသတ်အသိအမှတ်ပြုပီး။ နောက်ထပ်ရခိုင်ဇာတ်ကားတီလည်း ဖြန်ချီဖို အားယူနီပါရေ။ အဂုဖြန်ချီဖို ပြင်နီရေ ကျွန်အာဏာ ဇာတ်ကားကိုလည်း ပရိသတ်တီက တောင်းဆိုနီကပ်ပါယာ။ ယင်းကားစွာ ရခိုင်ရှေးပုံစံချေ ရိုက်ကူးထားပြီးကေ ယင်းကားမှာဘုန်းဟိန်းကျော် က လူမုန်းဖိုနေရာကနီ အပီအပြင်သရုပ်ဆောင်ထားရေလိုဆိုပါရေ။ဇာတ်ကားထွက်ကေ လူတီမုန်းရေကာရိုက်တာဖြစ်ကေလည်းအပြင်မှာ မမုန်းကေလိုဆိုထားပါရေ။ ရီချိုပင်လယ်ဇာတ်ကားမှာလည်း ရခိုင် ရီလုပ်ငန်းအကြောင်းကိုထည်သွင်းရိုက်ကူးထားပီး ယင်းကားမှာ ရီလုပ်သားအဖြစ် သဘာဝဆန်ဆန် စရိုက်ကြမ်းကြမ်း ပုံစံချေမြင်ရပါဖို။ပထမ ဇာတ်ကားမှာပင် အောင်မြင်မူ ရရှိထားပြီး သရုပ်ဆောင် ကောင်းပီးကေ ကျရာနေရာကနီ အပီအပြင် လုပ်တတ်ရေ ဖြစ်လို ရိုက်ကူးရေးတီ ဆက်တိုက် ဆိုပင် လက်ခံထားရပါရေ။ နောက်ထပ် ရခိုင်ဇာတ်ကားကောင်းချေ တီ ရိုက်ကူးဖို လက်ခံထားရေလို ကြားသိရပါရေ။ ရခိုင်မြေ မှာ စစ်ပွဲ ရောဂါ အခြေတီကြောင်း ရိုက်ကူးရေးရက်ရွေထားရေလိုသိရပါရေ။ ပြည်မ ဘက်မှာလည်း အနုပညာလူပ်ရှားမူချေတီကို လုပ်ထားရေလိုဆိုပါရေ။ နောက်ထပ်နောက်ထပ် ရခိုင်ဇာတ်ကားချေတီ ဖြန်ချီကေ အားပီးကပ်ပါ ဝန်းရံပီးကပ်လို ပရိသတ်ကို တောင်းဆိုပါရေလတ်။ ရခိုင်ပြည်သူလူထု စစ်ပွဲ ကပ်ရောဂါ ဒဏ်တီက ကင်းလွတ်ပါစီ လိုလည်း ဆုတောင်း မေတ္တာ စကားဆိုထားပါရေ။

ရက္ခိုင် ရသစုံ Official website

Leave a comment

Design a site like this with WordPress.com
Get started