ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းလူဦးရေ ( ၁၆၈၆ ) ဦးအရေးတကြီးအကူအညီလိုအပ်

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်း
လူဦးရေ ( ၁၆၈၆ ) ဦးအရေးတကြီးအကူအညီလိုအပ်

စားနပ်ရိက္ခာအခက်တွေ့ကြပြီး နေထိုင်နေရာများဆောက်လုပ် ရန်ပြင်ဆင်နေကြပါပြီ။ မည်သည့်အဖွဲ့အစည်းမှကူညီမှုများ မရှိသေး။ တဲအိမ်များဆောက်လုပ်နေပါပြီ။ တဲအိမ်တဆောင်
ကုန်ကျနှုန်း တစ်သိန်းကျပ်ဖြစ်သည်။ လှူဒါန်းလိုသူများလှူဒါန်း
နိုင်ပါသည်။

လူပေါင်း ၁၆၈၆ ဦး တနေ့ကုန်ကျနှုန်းပျမ်းမျခန့်မှန်းငွေ ( ၁၅ ) သိန်း ဝန်းကျင်ရှိသည်။

ယနေ့အချိန်ထိ NGO အဖွဲ့အစည်းများလာရောက်ကြည့်ရှု ပြီး ပံ့ပိုးကူညီမှုများမရှိသေး။ အဖွဲ့အစည်းများအား ဆက်သွယ်မေး မြန်းသော်လည်း အစိုးရခွင့်ပြုချက်မရသေး၍ မသွားရောက်သေးနိုင်ဟုဆိုကြသည်။
မည်သူမှ မကူညီမပံံံပိုးနိုင်လျှင် စစ်ဘေးရှောင်များ ဒုက္ခသည် တနေ့တခြားပိုမိုဒုက္ခခံရပေမည်။

မနေ့ ( 25 – 3 – 2020 ) ကစာရင်းအရ –
အိမ်ထောင်စု ( ၄၀၃ ) စု
ကျား ( ၇၅၅ ) ဦး
မ ( ၉၃၁ ) ဦး
စုစုပေါင်း ( ၁၆၈၆ ) ဦး

ရောက်ရှိလာသောကျေးရွာများ—-
တင်းမကြီး ၊ အထက်တင်းမ ၊ ပြိုင်းတိုင်း ၊ လောင်းရှည် ၊ သာစည် ၊ မာလာ(ရခိုင်) ၊ မျောက်တောင် ၊ ရွှေပြည် ၊ အလယ်ကျွန်း ၊ ကျောက်ဂူစု စသည့်ကျေးရွာများမှဖြစ်သည်။

ဆက်သွယ်ရန် /
ကိုယ်တော် ဆေကိန္ဒ
09254014975 / 09675063899

Leave a comment

Design a site like this with WordPress.com
Get started