ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပါ။
ဒီလောက် ရောဂါဆိုးကြီးဖြစ်နေပြီး ကျန်းမာရေး၀န်ကြီးဌာနကထုတ်တဲ့အချက်အလက်တွေကိုတောင် ချက်ချင်းမသိနိုင်တဲ့လူတွေရှိတယ်။
စစ်ဘေးရှောင်တွေ သိန်းချီရှိနေတယ်။
အခုတွေ့တဲ့ positive နှစ်ယောက်ထဲက တစ်ယောက်က ချင်းပြည်နယ်မှာဆိုတော့ ရခိုင်နဲ့ချင်းက တစ်လှမ်းလှမ်းရုံပဲ။ အရမ်းအန္တရာယ်များနေပါပြီ။
အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေသိဖို့၊
လူကိုလူလိုမြင်ဖို့ ဒီအချိန်မှာအစိုးရကလုပ်သင့်နေပါပြီ။ အင်တာနက်ပိတ်ထားတာ 9 လကြာပါပြီ။ အခု positive case ကို ကျွန်တော်ဖုန်းဆက်မှ အမေကသိရတဲ့အဖြစ်။ အဖေက ရှမ်းပြည်မှာ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့တောင် ဖုန်းလိုင်းတစ်ခုပဲရှိတယ်။ အဲ့ဖုန်းလိုင်းတောင် ကောင်းတလှည့် မကောင်းတလှည့်။ ဒီလောက်ဖြစ်နေတဲ့ အချိန်မှာ အစိုးရအနေနဲ့ လူသားဆန်မှုတစ်ခုပဲပြပါ။
