ဒီရက်ပိုင်း nCov -2019 ကိုရိုနာ ဗိုင်းရပ်စ် နဲ့ပတ်သတ်ပြီး ပိုသတိထားစေချင်ပါတယ် ၊ အပြင်သွားလာတိုင်း Surgical mask တပ်ထားပြီး သွားလာကြပါ ၊ လက်ရှိခန့်မှန်းခြေအရ များမကြာမီရက်သတ္တပတ် အတွင်းမှာ positive လူနာ ထွက်ပေါ်လာနိုင်ခြေရှိနေပါတယ် ၊ ကိုရိုနာဗိုင်းရပ်စ် ရဲ့ ရောဂါ လက္ခဏာ ဟာ ခန့်မှန်းခြေရက်သတ္တပတ် ( ၇ )ရက် နေမှ သိရပြီး ၊ ဆေးစစ်ချက်ထွက်ရန် ( ၁ ) ရက်
စုစုပေါင်းကြာချိန် ( ၈ ) လောက်မှသာ ရောဂါရှိလူနာကို သိရှိနိုင်တာကြောင့် မိမိနှင့် အနီးစပ်ဆုံး ပတ်၀န်းကျင်မှ ရောဂါရှိလူနာကို သိရှိနိုင်မှာမဟုတ်ပါဘူး ၊
ဒါကြောင့် Surgical Mask များကိုသုံးပါ၊
အပြင်မှပြန်လာတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောပါ ၊
Handgel များကိုသုံးပါ ၊
အသက်ရှူလမ်းကြောင်းနဲ့ပတ်သတ်ပြီး အနည်းငယ် ပြဿနာရှိနေပြီလို့ ထင်မိပါက အနီးစပ်ဆုံး ကျန်းမာရေး ဌာန သို့သွားရောက်ပြီး စစ်ဆေးသင့်ပါတယ် ၊
ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်မြန် ရောဂါပိုးမွှားတစ်ခုဖြစ်ပေမယ့် ၊ သေဆုံးနိုင်ခြေပမာဏအားဖြင့် နည်းပါးပါတယ် ၊ သေဆုံးသူအချို့ကိုလေ့လာစစ်ဆေးတွေ့ရှိချက်အရ ရောဂါတစ်မျိုးမျိုးအခံရှိထားသူများ ဖြစ်နေကြောင်းလေ့လာတွေ့ရှိရပါတယ် ၊
ယနေ့မြင်နေရတဲ့မြင်ကွင်းများအရ လူငယ်တစ်ချို့က Surgical Mask များအစား ၊ အလှတပ် Mask တွေကို တပ်ဆင်အသုံးပြု နေကြတာကို တွေ့ရှိရပါတယ် ၊
သူတို့ဒီရောဂါ နဲ့ပတ်သတ်ပြီး ကာကွယ်ရမယ်ဆိုတာသိပေမယ့် ဘယ်လို Mask မျိုးက ရောဂါပိုးမွှားကို protect လုပ်နိုင်လည်းဆိုတဲ့ အသိနည်းပါးနေပါတယ် ၊
ဒါကြောင့် ကျန်းမာရေး၀န်ကြီးဌာန အနေနဲ့ အတတ်နိုင်ဆုံး ရပ်ကွက်တစ်ခုချင်းဆီအလိုက် nCOV – 2019 ကာကွယ်ရေး အသိပညာပေး Campaign များကို အချိန်မှီ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါတယ်။
Ko Htet ( UNOOSF )
